ပျ ိဳ ရွယ်ချိန်များ
လွန်ကာသွား
ပြန်ပြောင်း တမ်းတစရာ
လွန်လေ နှစ်များ
ကုန်ကာသွား
လွမ်းဆွေး တ,သ စရာ
ပျှော်ရွှင်ခြင်းများ
ကွယ်ပျောက်သွား
ဒုက္ခလမ်းထက်မှာ
ပူလောင်မှုများ
ခံစားရ
ငြိမ်းချမ်း မှု တစ်နေရာ
တည်မြဲခြင်းများ
ရှာဖွေငြား
ဘယ်မှာ တွေ့နိုင်ရာ
ကားတိုင်ထက်မှ
ချစ်ခြင်းတရား
လွတ်ငြိမ်းခွင့်များစွာ
မတည်မြဲခြင်းများ
လူ့ဘ၀ကြား
လမ်းပြနိုင်သူဟာ
ကားတိုင်ထမ်းလျက်
ကရာနီထက်
လှမ်းတက်သွားသူပါ
လောကီအပြစ်များ
ယူတင်လျက်
ဝတ်ဆင်ပေးဆပ်
သခင်တစ်ပါးတည်း သာ…..။
မေစနိုး
” ဖြောင့်မတ်ခြင်း တစ်နေရာ”
ကျ မ ဒီနေ့
အပြစ်များ ဝန်ချ ခဲ့တယ်
ကျ မ ဒီနေ့
ဝန်ထုပ် များ ချ ထားခဲ့ တယ်
ကျ မ ဒီနေ့
ကားတိုင်ကို မျှော်ကြည့် ခဲ့တယ်
ကျ မ ဒီနေ့
မတရားမှု တွေကို လက်တစ်စုံဆီ
ကျ မ ဒီနေ့
လွတ်မြောက်ခြင်းတွေ ကို တစ်နေရာဆီ
အပြီးပိုင် ပို့လွတ်လို့
ဒူးထောက်ဆုတောင်း ခဲ့မိတယ် လေ
မတရားမှု ၊ တရားမှု
မသိချင်တော့ တဲ့အခါ
ကျ မျက်ရည်ထိန်းချ ဳ ပ်ရင်း
ခံနိုင်ရည်တစ်စုံတစ်ရာတွက်
ကိုယ်တော်ထံ တောင်းခံမိတယ်
ဟောဒီ ကမ္ဘာ
မေတ္တာခမ်းခြောက်
လွှဲမှားမှု တွေ နောက်မှာ
ဖြူ စင်မှု တွေ ပြုတ် မ ကျ အောင်
အသာယာ ထိန်းမတ်ရင်း
ကားတိုင်ထက် တစ်နေရာ
ဖြောင့်မတ်ခြင်း ညွှန်ပြ
ထင်ဟတ်မယ့် တစ်နေ့ ဆီ သို့ သာ….။
မေစနိုး
Oct.4.2014
” လှေ ငယ်ပမာ ကျွ န်ုပ် အသက်တာ ”
လောက မာယာ
ဝင်္ကပါ
ရှုပ်ထွေး ပွေလှ
လူ့ဘောင်မှာ
နေ့စဉ်လျှောက်လှမ်း
ဒုက္ခလမ်း
သောက များကို
ထမ်းပိုး ကာ
အခြေမရှိ
အဖြေ မသိ
နာရီရယ်သာ
ကုန်ခဲ့တာ
စိတ်ရဲ့စေရာ
စီးမျော သွား
ရေ စုန်မျော တဲ့
လှေငယ်ပမာ
လှိုင်းလေ ရိုက်ခတ်
ပဲ့ကိုင် ခက်
ထိန်းမတ် မယ့်သူရှာ
လေထန်ဒီလှိုင်း
ပုတ်ခတ် ကြမ်း
လှေလေး မြု ပ် လုကာ
ကယ်သူ ဘယ်မှာ
ဟစ်အော်သနား
ကျွန်ုပ်ဘ၀ လှေငယ်ပမာ
ဒုက္ခပင်လယ်
နစ်လု့ဝယ်
ကယ်သူ ရှာမိတာ
ကိုယ်တော်သခင်
ခရစ်တော်ရှင်
ကယ်တင်ရှင်တစ်ပါးသာ
ပဲ့ကိုင် မ စ
စဉ် ကူ မ
လွတ်မြောက်ခြင်း နဲ့သာ
လှိုင်းလေငြိမ်သက်
ကမ်း ရင်ခွင် ထက်
ကွန်းခို အေးချ မ်း စွာ….။
မေစနိုး
Oct.3.2014
မေ့လျော့မိသော
ကျမ်းစာဖတ် ဖို့
ပျင်း လေး လို့
ဆုတောင်း လို့လည်း
မအားပါ
မိုးလင်းရင်လည်း
လောကီ စိတ်
အချိန် ပိုများ ပေးမိတာ
ကျမ်းချက်တစ်ချက်
သွတ်သွင်း မယ့်
နှလုံးသားကို
ပိတ်ထားမိတာ
ဒူးထောက်ဆုတောင်း
အချ ိန်တစ်ခဏ
စိတ်အလိုလိုက်ကာ
ပျက်ကွက်တာ
ကျမ်းစာမဖတ်
တစ်နေ့ ရပ်
စုံစမ်းခြင်းများ
ကြုံ ရတာ
အပ်နှံဆုတောင်း
တစ်နေ့တာ အကြောင်း
မေ့လျော့သမျှ
မပျော်ရ ပါ
ယုံကြည် သူလား
ထင်ယောင်မှား
လောကီဆန်စွာ
ကျင့်မိ ခါ
တောင်းလျှင် မနှေး
အစဉ်ပေး
ကိုယ်တော်စကား
ကြားမိတာ
အားနည်း အပြစ်
ကျွန်ုပ် ရှိ
ကိုယ်တော်ခွင့်လွှတ်ပေးမူပါ
နေ့ညမပြတ် ဆုတောင်းအပ်
ကျမ်းစာ ဖတ်ဖို့ ကြို းစားမှာ
စုံစမ်းခြင်းများ ရင်ဆိုင်ငြား
၀ိညာဉ်ခွန်အား ပြည့်လို့သာ
ရင်ဆိုင်ကျော်ဖြတ်
နေ့ရက် ဆက်
ကျမ်းတစ်ချက်ရဲ့
အားအင်များနဲ့ပါ…။
..မေစနိုး
20.9.2014
ဒူးထောက်ပါ ၏
တောင်းလျှောက် ပါ ၏
ချီးမွမ်း ပါ ၏ အရှင်….
ကျွနု်ပ် ရင်ဆိုင် ရသော
ဒုက္ခ ဆုူး များ ပတ်ရစ်ချိန်
ဝေဒနာ သွေးစက် ကြောင့်
နှလုံး ပျက် မတတ်
ခံစား မိ တစ်ချိန်
ကိုယ်တော်ကို
ကိုးစားလို့
အလိုတော် အား
နာခံ မိ အစဉ်
ကျမ်း ချက် နဲ့ အသက်ဆက်
နေ့ ရက် များ
ဆွေး မြေ့ နေ
ဒဏ်ရာ ရယ်
ဝေဒနာ ရယ် က
ကိုယ်တော်ပေးတဲ့
ဆုလဘ် လား ထင်
မခံနိုင်
စုံစမ်းခြင်း
အားနည်းလို့
ညိုးရော်ကျ နေ
လဲ ကာ ကျ
အကြိမ် ကြိမ် မက
တစ် ကြိမ် တစ်ခါ မှ
စွန့်ပစ်မထား ပေ
ယုံကြည် ချက်
ပို ခိုင်မြဲ
ကျောက်ဆောင် အလား
ကိုယ် တော် အနား
ကျွနု်ပ် အား
ကွယ်ကာ ပေး သော တစ်ချိန်…။
မေစနိုး
ဘုရားကျောင်းနဲ့ ကင်းကွာ…
မင်း အဝေး မှာ … ပျော်နေ လား …သူငယ်ချင်း….
ခေါင်း လောင်း သံ ချ ုိ….
ကြို စောင့် နေတယ်…. မင်း အလာ ကို…
ဘုရား ကျောင်း နဲ့ ခေါင်း လောင်း သံ….
မင်း တစ်နေ့ လွမ်း မိ မှန် ရင်…..
ပြန်လာ ပါ ဇွတ် မပြောလည်း….
တစ် ခေါက် လောက် တော့…
မင်း အရောက် ပြန်ခဲ့….
ဟိုး ငယ်ငယ် လို….
သီ ချင်း အတူ ဆို မယ့်….
မင်း ….သူူငယ် ချင်း လေး….
စောင့် လို့ နေ လျက်….။
မေစနိုး
6.Sep.2014
နောင်တ မျက် ရည်
ပါးထက် စီးကျ
ကျွန်ပ် အပြစ် များလှ တာ
တစ်ကြိမ်တစ်ခါ
စိတ်အလို လိုက်
လောက မာယာကြားမှာ
ကိုယ့် ကိုယ် ကို အဟုတ် မှတ်
စိတ် ထင် ရာ မိုုက် ခဲ့ တာ
အချိန်တန် ရင် နှင့်မမျှ
ဒဏ်ရာ ကြွင်းကျန် မှ
ဘယ်မှာလဲ ငြိမ်းချမ်းမှှု
ရင် အပူ မဆန့် မှ သာ
ကားတိုင် ကို မျှော်ကြည့်
ကျွန်ပ် အပြစ် သိ ကာ
တိုးဝင် တောင်းလျှောက်
သွေးတစ်စက် ရဲ့ ပေးဆပ် မှှု များ တွက်ပါ…။
မေစနိုး
Aug. 25. 2014
“Don’ t worry about tomorrow ”
မနက်ဖြန် တွက်
စိုးရိမ် စိတ် နဲ့
ပူ ပန် မှှု များ
ရှောင်ဖယ် ထားကာ
လူ ထက် အသက်
မြတ်သည် သာ
အဝတ်ထက် ကိုယ်
မြတ် သည်သာ
စာငှက် တစ်ကောင် မျှ
အငတ် မထား ဟု
ကျမ်းချက် ပါ စကား
ကိုယ် တော် ပြောကြား
မနက်ဖြန် အား
အစိုးရ သူဟာ
ကိုယ် တော်သခင်
ခရစ် တော် ရှင် ပါ
အသက်မွေးလောက်
ချ ပေးလောက်ငှ
တစ် နေ့တွက်သာ
မနက်ဖြန် အရေး
ကြို မတွေး ဖို့
ပြင်ဆင် ကတိ
ကိုယ် တော် ပြောသည့်
နှှုတ်ကပတ် စကား
ရင်ဝယ် ထား၍
ယုံကြည် ရှေ့ဆက်
မနက်ဖြန် များ တွက်…
ဘယ် မမှှု တော့ ပါ…။
မေစနိုး
Aug 15. 2014
အို . . အ ဖ . .
တစ်စုံတရာ . .နာကျင်ရတဲ့အခါ
ခွင့်လွှတ်နိုင်မယ့် စိတ်ထားတစ်ခု
ချည်နှောင်မှု များထဲမှ
အကျွနု်ပ်ကို ရုန်းထွက်ခွင့်ပေးပါ
လူသားပီပီ အပြစ်ရှိ
မှားမိတဲ့အခါ
အစဉ်အမြဲပြင်ဆင်လျက်
ဆင်ခြင်နိုင်ဖို့ရာ
ဖြူစင်နှလုံးသီးခံနိုင်ဖို့
နှုတ်ကပတ်တော်ဖြင့်
လမ်းပြ ပေးပါ
တစ်ခါ တစ်ရံ
မေ့လျော့မိ ကိုယ်တော် ပြောစကားများစွာ
သူတစ်ပါးအပြစ် ဖြေလွှတ်နိုင်မှ
ဘုရားသားသမီး . . .ပီသ . . .မှာ
ပြန်လည်ကာ. . .ကြားယောင်မိ. . .
ဒူးထောက်. . .မိ အခါ . . .ခါ. . .။
မေစနိုး
Aug 10. 2014
ချ ည် နှောင်ခြင်း များ
နှလုံး သား မှာ
အမုန်းတရား များ
ဖယ် ရှား ပေးပါ
သူတစ်ပါးအပြစ်
ခွင့်လွှတ် သင့်
နေ မဝင် စေ လို တာ
ကျမ်းချက် တစ်ချက်
ကြားယောင်လျက်
ကျွ နု်ပ် ရှက် မိ ကာ
နာကျင် စူး ရှ
ဒဏ်ချက် များ
ကိုယ် တော် နဲ့ယှဉ်
မဖြစ် စလောက် ပါ
သို့ ပေ လိမ့်ညား
ကျွ နု်ပ် အပြစ်သား
ချ ည်နှောင် ခြင်း များစွာ
ကိုယ် တော် လှမ်းတက်
ကရာနီထက်
ကားတိုင် ထမ်း လျက် သာ
ကျွန်ုပ် အတွက်
၀တ်ဆင်ခဲ့
သရဖူ ဆူးခက် ပါ
နာကျင် လျက်သာ
ဝေဒနာလမ်း
ကိုယ် တော် လှမ်းတက်ရှာ
ပြန်လည် ကာတွေး
စိတ် မှာ အေး
ချ ည် နှောင်ခြင်း များ
ကင်းဝေး ဖို့ရာ
ကား တိုင် မျှော်ကြည့်
သတိ ရှိ
ကျွ နု်ပ် စိတ် များ ပေါ့ ပါး လာ
တစ်ဖက်သတ် အချစ်
မေတ္တာ စစ်
ကျွ နု်ပ် မမေ့ သင့်ပါ …
”ဟာလေလုယာ”
ချ ီးမွမ်း လို့
ဂုဏ် တော် ကို
ကျူ း အေး မည်… အစဉ် သာ…။
မေစနိုး
Aug 8. 2014
Please give us your valuable comment