ကျွန်ုပ်တို့၏အကြောင်း

2 Comments

မြေကြီးပေါ်မှာနေသောသူတည်းဟူသောအသီးအသီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့ အား ထာဝရဧဝံဂေလိတရားကိုဟောရသောကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။

တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်စမ်းရေတွင်းတို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့်ပြောဆို၍ ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသည်ကိုငါမြင်၏။

ကောင်းကင်တမန်တပါးကလည်း၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ မိမိမတရားသောမေထုန်၏အဆိပ်အတောက်တည်းဟူသောစပျစ်ရည်ကို လူမျိုးအပေါင်းတို့အားတိုက်လေပြီးသော ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟုလိုက်၍ပြောဆို၏။

ထိုမှတပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည်သားရဲနှင့်သူ၏ရုပ်ထုကိုကိုးကွယ်၍၊ သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊ ထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌လောင်းသော အမျက်တော်စပျစ်ရည်စစ်ကိုသောက်ရလိမ့်မည်။ သန့်ရှင်းသောကောင်းကင်တမန်ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင်ရောသောမီးထဲမှာပြင်းစွာသောညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏။ သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊ သူ၏နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့သည် နေ့ညဉ့်မပြတ်သက်သာမရကြဟု၊ လိုက်၍ကြီးသောအသံနှင့်ပြောဆို၏။ ဘုရားသခင်၏ပညတ်တော်တို့ကို၎င်း၊ ယေရှု၏ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သောသန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာအကြောင်းရှိ၏။

ဗျာဒိတ်ကျမ်း ၁၄:-၁၂။

2 thoughts on “ : ကျွန်ုပ်တို့၏အကြောင်း”
  • sawkyawmu says:

    Good

  • Please give us your valuable comment

    Your email address will not be published. Required fields are marked *